Myanmar Citizen Service

သာမန်မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အသစ် (MRP) လျှောက်ထားခြင်း-

  • ကိုယ်ရေးလျှောက်လွှာ (ကောင်စစ်၀န်ချုပ်၊ မြန်မာကောင်စစ်၀န်ချုပ်ရုံး၊ ကူမင်းမြို့
  • ကိုယ်ရေးရာဇ၀င်
  • ဓာတ်ပုံ(၂)ပုံ၊ အရွယ်အစား ၃၅*၄၅ မီလီမီတာ အရွယ်အစား၊ ကာလာဓာတ်ပုံ၊ မျက်မှန်မပါ၊ နောက်ခံ အဖြူရောင်ဖြင့် ရိုက်နှိပ်ထားသည့် ဓာတ်ပုံဖြစ်ရပါမည်။
  • နိုင်ငံကူးလက်မှတ်စာအုပ် အသစ်လျှောက်ထားပါက လျှောက်ထားသူ၏ လက်ဗွေနှင့် ထိုးမြဲလက်မှတ်များ ကွန်ပြူတာတွင် ထည့်သွင်းရန် လိုအပ်သဖြင့် လျှောက်ထားသူ ကိုယ်တိုင် လာရောက်ရန်လိုအပ်ပါမည်။
  • သက်တမ်းကုန် နိုင်ငံကူးလက်မှတ်အား အသစ်လဲလှယ်လိုပါက လက်ရှိ ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်အား ယူလာရန်လိုအပ်ပါမည်။
  • အလုပ်လုပ်ကိုင်သည့်နိုင်ငံကူးလက်မှတ်ဖြစ်ပါကနာက်ဆုံး၀င်ငွေခွန်ထမ်းဆောင်ခဲ့သည့်အထောက်အထား တင်ပြရပါမည်။
  • မြန်မာနိုင်ငံသားအား မှီခိုသူဖြစ်ပါက လက်ထပ်စာချုပ်၊ မှီခိုသူအဖြစ် အသိအမှတ်ပြု အထောက်အထားနှင့် မှီခိုခြင်းခံရသူ၏ နောက်ဆုံး ၀င်ငွေခွန်ပေးဆောင်ထားသည့် အထောက်အထားနှင့် နိုင်ငံကူးလက်မှတ် မိတ္တူတို့အား တင်ပြရန် လိုအပ်ပါမည်။
  • မွေးကင်းစကလေးများအတွက် မိခင်(သို့မဟုတ်) ဖခင်၏ နောက်ဆုံးပေးဆောင်ခဲ့သည့်၀င်ငွေခွန်ပြေစာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ ကလေး၏မွေးစာရင်း တို့အားပူးတွဲတင်ရန်လိုအပ်ပါမည်။
  • မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အသစ်အတွက် တရုတ်ယွမ်ငွေ ၇၀၀ ပေးဆောင်ရပါမည်။