ကူမင်းမြို့တွင် ကျင်းပသော တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်ဆင်နွှဲ (缅甸驻昆明总领事馆参与昆明春节联欢活动)

Consulate-General of Myanmar Participates in Chinese New Year Spring Festival in Kunming

The Consulate-General of Myanmar in Kunming participated in the Chinese New Year Spring Festival for Consular Corps and international friends in Yunnan, organized by the Yunnan Foreign Affairs Office (YFAO), by showcasing a Myanmar pavilion and traditional cultural performances.

This festival, a collaborative effort between YFAO, Yunnan Province and the Consulates General in Kunming, aimed to strengthen international relations, and foster cultural exchange. Coordinated by the Yunnan Foreign Affairs Office, the event featured cultural performances from each participating country, as well as displays of traditional art, snacks and cuisine.

The Consulate-General of Myanmar participated in the festival by presenting traditional Myanmar cultural artifacts at the Myanmar Gallery, offering Myanmar tea and desserts such as Htoe Moun, Myanmar Green tea leaves salad, and sharing the rich cultural heritage of Myanmar with attendees.

Myanmar students studying in Kunming also joined the celebration, showcasing Myanmar’s vibrant culture through a cultural Thingyan dance performance.

The event was attended by officials from the Foreign Affairs Office of the People’s Republic of Yunnan Province, Consuls General in Kunming, and other distinguished guests, highlighting the importance of international collaboration and cultural diplomacy.

Consulate-General of Myanmar in Kunming
Dated. 25 January 2025

ကူမင်းမြို့တွင်ကျင်းပသော တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်ဆင်နွှဲ

ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ယူနန်နိုင်ငံခြားရေးရုံးမှ ကြီးမှူးကျင်းပသည့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် တရုတ်နှစ်ကူးရိုးရာပွဲတော် အခမ်းအနား တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ကူမင်းမြို့မှ မြန်မာ့ယဉ်ကျေးမှုနှင့် လက်မှုပစ္စည်းများပြခန်းနှင့် ယဉ်ကျေးမှု ဖျော်ဖြေမှုများဖြင့် ပါဝင်ဆင်နွဲခဲ့သည်။

အဆိုပါ နှစ်သစ်ကူးပွဲတော်သည် ယူနန်ပြည်နယ်အစိုးရ၊ နိုင်ငံခြားရေးရုံးနှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်းပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်စေရေးနှင့် ယဉ်ကျေးမှုဖလှယ် ရေးတို့ ပိုမိုတိုးတက်ခိုင်မာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါဝင်ဆင်နွှဲကြသည့်နိုင်ငံများမှလည်း ယဉ်ကျေးမှုဖျော်ဖြေမှုများ၊ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ ရိုးရာအစားအစာများခင်းကျင်းပြသခဲ့ကြသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့အနေဖြင့်လည်း ပွဲတော်အတွင်း မြန်မာ့လက်မှုအနုပညာ ပစ္စည်းများပြသခဲ့ပြီး၊ ပြပွဲလာရောက်သူများကို မြန်မာ့လက်ဖက်ရည်နှင့် ရိုးရာအစားအစာများဖြစ်သည့် ထိုးမုန့်နှင့် လက်ဖက်သုပ်များ ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ပြပွဲလာ ဧည့်ပရိတ်သတ်များနှင့် အမြင်ချင်းဖလှယ်ရှင်းလင်းခဲ့သည်။ ထို့ပြင် ကူမင်းမြို့တွင်ပညာသင်ကြားလျက်ရှိကြ သော ကျောင်းသူများက မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ပြသခဲ့သည်။

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်သို့ ယူနန်နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဝန်ထမ်း၊ မိသားစုများ၊ ဖိတ်ကြားထားသူများတက် ရောက်ခဲ့ကြပြီး ယဉ်ကျေးမှုဆိုင်ရာသံခင်းတမန်ခင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုများကို ထင်ဟပ်စေသော ပွဲတော်တစ်ခုအဖြစ် ကျင်းပနိုင်ခဲ့သည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

缅甸驻昆明总领事馆参与昆明春节联欢活动

缅甸驻昆明总领事馆参与了由云南省外事办(YFAO)主办的春节联欢活动,该活动专为总领事馆外交人员和国际友人举办。活动中,缅甸展示了自己的文化展馆,并进行了传统文化表演。

此次节庆活动由云南省外事办、云南省及驻昆明各国总领事馆共同合作举办,旨在加强国际关系,促进文化交流。在云南省外事办的协调下,活动包括各参展国的文化表演,以及传统艺术、特色小吃和美食的展示。缅甸驻昆明总领事馆通过在缅甸馆展示传统文化遗物、提供缅甸茶和传统甜点(如Htoe Mount , 以及与会人员分享缅甸 丰富 的文化遗产 来参与此次活动。 昆明的缅甸留学生也参与其中,通过展示缅甸文化的汤姜舞表演,展现了缅甸的活力与魅力。

此次活动有云南省外事办的官员、昆明的各总领事以及其他重要嘉宾出席,彰显了国际合作与文化外交的重要性。

缅甸驻昆明总领事馆
日期:2025年1月25日

MOFA Press Release