Services for Myanmar Student

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်ရှိ တက္ကသိုလ်များတွင် ကိုယ်ပိုင်အစီအစဉ်/ တရုတ်နိုင်ငံအစိုးရပညာသင်ဆုများဖြင့် ပညာသင်ကြားလျက်ရှိသော မြန်မာနိုင်ငံသားကျောင်းသား/သူများ အတွက် ဆောင်ရွက်ပေးမည့်ဝန်ဆောင်မှုများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်တို့ရှိ ကိုယ်ပိုင်အစီအစဉ် (သို့မဟုတ်) တရုတ်နိုင်ငံအစိုးရပညာသင်ဆုအစီအစဉ်များဖြင့် ပညာသင်ကြားလျက်ရှိသော ပြင်ပပုဂ္ဂိုလ် မြန်မာနိုင်ငံသား ကျောင်းသား/သူများအနေဖြင့် ဤကောင်စစ်ဝန်ချုပ်ရုံးသို့ မိမိတို့ဆန္ဒအလျောက် ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ ကောင်စစ်နယ်မြေများဖြစ်သော ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသူ ကျောင်းသားများအဖြစ် ဆက်သွယ်စာရင်းပေးသွင်းထားပါက ဤကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ကျောင်းသား/သူများ၏ သာမန်မြန်မာနိုင်ငံ ကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး/သက်တမ်းတိုးကိစ္စရပ်များ၊ ထောက်ခံစာကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်ပေးခြင်း (လိုအပ်ပါက ရုံးပိတ်ရက်များတွင်ပါလက်ခံဆောင်ရွက်ပေးခြင်း)၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကျင်းပသော အခမ်းအနားများ၊ ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ် အစိုးရတို့မှ ကျင်းပသော အခမ်းအနားများသို့ ဖိတ်ကြားပေးခြင်းစသည့် အခွင့်အရေးများကို ရရှိမည် ဖြစ်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံသား ပညာသင်ကျောင်းသားအဖြစ် စာရင်းပေးသွင်းထားသူများအနေဖြင့် ဤကောင်စစ်ဝန်ချုပ်ရုံး၏ မြန်မာပညာသင်ကျောင်းသား WeChat Group တွင် ပါဝင်နိုင်ပြီး မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့ရှိ ပညာရေးတာဝန်ခံနှင့် အမြဲမပြတ်ဆက်သွယ်နိုင်မည်ဖြစ်သည့်အပြင် ကျန်တက္ကသိုလ်များတွင် တက်ရောက်လျက်ရှိသော မြန်မာနိုင်ငံသားကျောင်းသားများနှင့်လည်း ခင်မင်ရင်းနှီး စွာ ဆက်သွယ်ခွင့်များ ရရှိမည်ဖြစ်ပါသည်။

စာရင်းပေးသွင်းထားခြင်းမရှိပါကလည်း ဤကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ကောင်စစ်ဆိုင်ရာလုပ်ငန်း များနှင့် မြန်မာနိုင်ငံသားအကျိုးဆိုင်ရာလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။

စာရင်းရေးသွင်းရန်ပုံစံ : https://forms.gle/5Yzx6UqsC4GVB3VF8

Services Provided by the Consulate-General of the Republic of the Union of Myanmar in Kunming for Myanmar Students in Yunnan and Guizhou Provinces, China

The Consulate-General of the Republic of the Union of Myanmar in Kunming hereby announces that Myanmar students currently studying in universities in Yunnan and Guizhou provinces, China, under self-financed programs or Chinese government scholarship programs, are encouraged to voluntarily submit their contact registration to the Consulate-General by filling this form https://forms.gle/5Yzx6UqsC4GVB3VF8

Upon submitting their contact registration, Myanmar students will receive priority assistance with matters such as the loss, damage, or extension of their Myanmar passports, and will be provided with necessary documentation as needed, including during office holidays. In addition, students will be invited to participate in events organized by the Consulate-General in Kunming, as well as those hosted by the governments of Yunnan and Guizhou provinces.

Registered Myanmar students will also have the opportunity to join the Myanmar Student WeChat group, which will facilitate ongoing communication with the Consulate-General’s education officers and provide opportunities to connect with other Myanmar students in China.

For those who have not registered, the Consulate-General will continue to offer consular services related to Myanmar nationals in accordance with established procedures.

缅甸联邦共和国驻昆明总领事馆提供的服务事项,适用于在中国云南省和贵州市的大学中,正在接受自费计划/中国政府奖学金计划资助的缅甸学生

缅甸联邦共和国驻昆明总领事馆谨通知,正在中国云南省和贵州市各大高校,通过自费计划(或)中国政府奖学金计划接受教育的缅甸籍学生,可以根据个人意愿向本总领事馆提交联系登记。

如在云南省和贵州市的大学中学习的缅甸学生提交了联系登记,驻昆明总领事馆将优先处理学生的普通缅甸护照丢失/损毁/延长相关事宜,并为需要的学生提供证明文件(包括在假期期间提供服务),此外,还将邀请学生参加驻昆明总领事馆组织的活动,并邀请学生参加云南省和贵州市政府举办的相关活动。

另外,已登记为缅甸学生的人员,还可加入缅甸学生微信群,与驻昆明总领事馆的教育负责人员保持密切联系,同时也将有机会与其他在中国的缅甸学生建立良好的互动关系。

如果未进行注册,驻昆明总领事馆仍将根据相关标准,提供领事服务以及涉及缅甸国籍人士的其他事务。

https://forms.gle/5Yzx6UqsC4GVB3VF8

MOFA Press Release

RSS Error: WP HTTP Error: cURL error 35: Recv failure: Connection reset by peer