နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးများ၏ အခြေခံပညာသင်ယူခြင်း အစီအစဉ်အတွက် သင်တန်းသားများခေါ်ယူကြောင်း အသိပေးကြေညာခြင်း

အစိုးရဝန်ကြီးဌာန အသီးသီးမှ လာရောက်သော ပညာသင် သင်တန်းသား/ သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များ

(က) ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်ရှိ သက်ဆိုင်ရာ သင်တန်းကျောင်း/ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံသို့ ရောက်ရှိပြီးနောက် ဆောလျင်စွာ သတင်းပေးပို့သွားရန်နှင့် ရက်သတ္တပတ်အတွင်း မပျက် မကွက် သတင်းပေးပို့သွားရန်၊

(ခ) သင်တန်းပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဆိုပါက အနည်းဆုံး (၁၄)ရက်ကြိုတင် အကြောင်းကြားရန်၊

(ဂ) ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ရန် လိုအပ်ပါက အနည်းဆုံး (၁)လကြိုတင်လျှောက်ထားရန်၊

(ဃ) သုံးလပတ်ပညာသင် အစီရင်ခံစာများကို သင်တန်းစတင်ချိန်မှ ပြီးဆုံးသည့်ကာလအတွင်း (Online တက်ရောက်ခြင်းနှင့် ကျမ်းပြုနေချိန်အပါအဝင်) သတ်မှတ်ရက်များဖြစ်သည့် နှစ်စဉ် ဇန်နဝါရီလ၊ ဧပြီလ၊ ဇူလိုင်လနှင့် အောက်တိုဘာလများတွင် လဆန်း (၁)ရက်နေ့မှ (၃)ရက်နေ့အတွင်း မပျက် မကွက်ပေးပို့ရန်၊

  • Tri-monthly Progress Report/ သုံးလပတ်ပညာရည်တိုးတက်မှုအစီရင်ခံစာ ပုံစံရယူရန်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းအမှတ်နှင့် အီးမေးလ်လိပ်စာ

Consulate-General of the Republic of the Union of Myanmar
No.99, Ying Bin Lu, Guan Du Qu, Kunming
Yunnan Province, The People’s Republic of China
Tel. 86 (871) 6816204, 68162814
Fax.86 (871) 8162808, Post Code. 650214
[email protected]
[email protected]

MOFA Press Release

RSS Error: WP HTTP Error: cURL error 7: Failed to connect to www.mofa.gov.mm port 443 after 270 ms: Could not connect to server