နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် အွန်လိုင်း လောင်းကစားမှု များအား နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် (新闻报道:缅甸边境地区非法网络赌博活动的打击行动发布)

ယခုလတ်တလောတွင် ကရင်ပြည်နယ်၊ မြဝတီ – ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေ အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှ ိကြောင်း သိရှိရသည်။

အဆိုပါ ရွှေကုက္ကိုလ်နယ်မြေသည် ၂၀၁၆ ခုနှစ်ကတည်းကပင် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ် အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် မီဒီယာများမှ ဖော်ပြချက်များ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုသည့် သတင်းများကြောင့် စီမံကိန်းဆက်လက် တည်ဆောက်ခြင်းအား ရပ်ဆိုင်းခဲ့သည့်ဒေသဖြစ်သည်။ အဆိုပါ နယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်လျက်ရှိခြင်း၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိခြင်းတို့ကြောင့် နယ်မြေဒေသ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများအနေဖြင့် အခွင့် ကောင်းရယူကာ အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများကို ကျူးလွန်နေခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းဒေသများ၌ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်း မဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူနေခြင်းဖြစ်ကြောင်းနှင့် အခြေခံအဆောက် အဦများနှင့် ရင်းနှီးမြှုပ်နှံမှုအများစုသည်လည်း ပြည်ပအဖွဲ့အစည်းများမှ လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်းကို တွေ့ရှိရသည်။ အဆိုပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေကြသူများသည် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ်ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ ကြခြင်းဖြစ်သည်။

၎င်းဒေသ ထိုင်း – မြန်မာ (မဲဆောက် – မြဝတီ) နှစ်နိုင်ငံနယ်စပ်၌ ပျောက်ဆုံး သွားခဲ့သည့် တရုတ်နိုင်ငံသား Mr. Wang Xing (ရုပ်ရှင်သရုပ်ဆောင်) ကို ၎င်းနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများက အချင်းချင်းချိတ်ဆက်၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည့်သတင်းကိုလည်း သတင်းမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ စိစစ်ချက်များအရ Mr. Wang Xing ကို ထိုင်းနိုင်ငံအခြေစိုက် အနုပညာ ကုမ္ပဏီတစ်ခုဖြစ်သော GMM Grammy ၏ WeChat Account မှတစ်ဆင့် တရုတ်နိုင်ငံသား တစ်ဦးက ဆက်သွယ်လာပြီး ထိုင်းနိုင်ငံ၌ သရုပ်ဆောင်အဖြစ် လာရောက်လုပ်ကိုင်ရန် စည်းရုံးခဲ့သဖြင့် ဇန်နဝါရီ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ဘန်ကောက်မြို့မှ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ မဲ့ကွန်းကန်ရွာအနီးရှိ သောင်ရင်းမြစ်ကမ်း (ထိုင်းနိုင်ငံဘက်ခြမ်း) သို့ရောက်ရှိပြီးနောက် လှေဖြင့် မြန်မာ နိုင်ငံဘက်ခြမ်း၊ မြဝတီ – ရွှေကုက္ကိုလ်နယ်မြေသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း။

ထို့နောက် အဆောက်အဦတစ်ခုသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်စေရန် ဦးစွာလေ့ကျင့်ပေးခဲ့ကြောင်းနှင့် ယင်းအဆောက်အဦ၌ တရုတ်နိုင်ငံသား ၁၀ ဦးခန့် တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ဒုတိယအဆောက်အဦတစ်ခုသို့ ဆက်လက် ရောက်ရှိခဲ့ပြီး ခေါင်းတုံးတုံးပေးခဲ့ကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်ရန် စေခိုင်းခြင်း ခံခဲ့ရကြောင်း၊ အဆိုပါနေရာသည် Online လောင်းကစား လိမ်လည်သည့်နေရာဖြစ်ပြီး အဆောက်အဦအတွင်း တရုတ်နိုင်ငံသား ၅ဝ ခန့်ရှိကြောင်း၊ ယင်းနောက် မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် အဆိုပါနယ်မြေအတွင်းရှိ ၎င်းနှင့်ပတ်သက်ခဲ့ သည့် အဖွဲ့အစည်းများက တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ ထဆောင်လွတ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဝမ်သခီရန်သိုင့်ကျေးရွာရှိ အမှတ် (၃၄) ဂိတ်မှတစ်ဆင့် ၎င်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းနောက် ညပိုင်း တွင် ဘန်ကောက်မြို့ရှိ လူကုန်ကူးခံရသူများစောင့်ရှောက်ရေးဌာန (ဒွန်မောင်းဂေဟာ)သို့ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အမှတ် (၅) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ သံတံတားအနီးတွင် တရုတ်နိုင်ငံသား Mr. Cheng Xiao Ning ပါ ၃ ဦးအား တွေ့ရှိခဲ့သဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချိတ်ဆက်မှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာ နိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ခဲ့သူများဖြစ်ပြီး အွန်လိုင်းမှတဆင့် ငွေကြေး လိမ်လည်သည့်လုပ်ငန်းကို လုပ်ကိုင်နေကြရသူများဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် လစာရရှိခြင်းမရှိသဖြင့် ထွက်ပြေးလာသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

အလားတူ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ နတ်သျှင်နောင် မီးပွိုင့်အနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Mr. Yin Jie နှင့် Mr. Huang Xiang တို့ ၂ ဦးအား တွေ့ရှိသဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများပြုလုပ်နိုင်ရန် အတွက် လျှပ်စစ်ဓာတ်အားရရှိရန်၊ အင်တာနက်ဆက်သွယ်မှုရရှိရန်နှင့် တရားမဝင်လုပ်ငန်း အတွက် လက်နက်ခဲယမ်းများနှင့် အဆောက်အဦများရှိရန် အခြေခံလိုအပ်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ယင်းအခြေခံအချက်အလက်များကို တစ်ဖက်နိုင်ငံကို အခြေခံ၍ ရယူသုံးစွဲနေခြင်းသာဖြစ်သည်။ လုပ်ငန်းလုပ်ဆောင်နေသူများအနေဖြင့်လည်း မြန်မာနိုင်ငံမှမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံ အတွင်းသို့နယ်စပ်လမ်းကြောင်းများ တရားမဝင် ဝင်ရောက်နေထိုင်၍ ရင်းနှီးလုပ်ကိုင် နေသည့် ပြည်ပနိုင်ငံသားများပင်ဖြစ်သည်။ Online လိမ်လည်မှုများ၊ Online လောင်းကစား မှုများ ပပျောက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အတူတကွ ဝိုင်းဝန်းတိုက်ဖျက် ဆောင်ရွက်သွားရန်လိုအပ်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့ အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာ သူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသား များအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ကိုယ်ကျိုး စီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ကို တရားမဝင် ဝင်ရောက် လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးလျက်ရှိသည်။ တရားမဝင် ဝင်ရောက်နေထိုင်၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ် ခဲ့ရာ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များအပါအဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူများကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ တရုတ်(တိုင်ပေ)သို့ ၂၁ ဦး၊ စင်္ကာပူနိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုး ပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး၊ စုစုပေါင်း ၅၅၇၁၁ ဦးအား ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း စိစစ်ဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှု ကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ စိစစ်နိုင်ရန်၊ အမြန်ဆုံး တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်နိုင်ရန် အတွက် ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး) ကို ကူညီစုံစမ်းရှာဖွေပေးရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်း ကြောင်းများမှတစ်ဆင့် အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့သည်။ ၂၀၂၅ ရက် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ဦး ပေါင်း ၁၂၉၂ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ၅ ဦး၊ ပါကစ္စတန် ၁ ဦး ၊ တရုတ် ၂ ဦး ပေါင်း ၈ ဦးလွှဲရန်ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေ လျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီ သတင်း ဖလှယ်ပေးလျက်ရှိသည်။ မြန်မာ – တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center များကို တားဆီးနှိမ်နင်းမှု ၂ ကြိမ် ဆောင်ရွက်ခဲ့သည်။ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့သည်။

Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့်ပတ်သက်၍ လုပ်ဆောင်နေ သူများသည် သာမာန်လူများ မဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လောင်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်း ပင်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့မှုအရ တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များကို လိမ်ခြင်းလည်းမဟုတ်ပါ၊ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင်ဖြစ်သဖြင့် အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားရ မည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်နေ ကြသူများသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် တရားဥပဒေစိုးမိုးရေး အဖွဲ့များ နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိသည့်ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက် ရှိကြသဖြင့် နိုင်ငံတော်အနေဖြင့် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော် ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိသည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း ၎င်း Online လိမ်လည်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိပါက သက်ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် Online လောင်းကစားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်း တိုက်ဖျက်သွားကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

新闻报道:缅甸边境地区非法网络赌博活动的打击行动发布

内比都,1月20日

近日,在克伦邦妙瓦底-瑞谷及KK园区等地区,非法犯罪活动,包括网络赌博,屡有发生。

2016年,瑞谷地区曾以促进区域经济发展为名设立了一个赌博项目,但在媒体曝光其非法经营后,该项目停止运营。由于该地区存在多个武装团体,执法和行政机构难以全面控制管理,导致局势不稳,部分不法分子趁机在周边地区从事包括网络赌博在内的犯罪活动。

这些地区的电力和互联网连接——网络赌博的基本要素——并非来自缅甸,而是由其他国家提供,大部分基础设施和投资均由外国组织提供。大约在2015年,网络诈骗集团在菲律宾和柬埔寨开展网络诈骗和赌博活动,并于2019年后进入缅甸。

近期,一名失踪的中国公民王星(演员)被有关组织通过多方协作,从泰缅边境(湄索-妙瓦底)地区遣返泰国。经核实,一家总部设在泰国的艺术公司GMM Grammy通过微信联系到王星,并安排他赴泰担任演员。王星于1月3日从中国上海乘机抵达泰国素万那普国际机场,随后从曼谷抵达接近妙瓦底的湄索府湄孔坎村(泰方),并被船运至妙瓦底-瑞谷地区(缅方)。

他被送往一栋建筑,接受电脑打字培训,楼内约有十名中国公民。随后,他被转移至另一栋建筑,头发被剃光并被要求从事网络诈骗。该诈骗场所约有50名中国公民。后来,他成功与家人取得联系。相关组织于1月7日通过泰国达城洛镇7区瓦萨基兰泰村34号口岸将其送回泰国,并于1月10日晚在曼谷廊曼中心被移交中国,以保护人口贩运受害者。

此外,1月期间,三人(包括中国公民程晓宁)在妙瓦底5区友谊路附近被发现。据称,他们在2022至2023年间通过各种渠道非法从泰国进入缅甸,参与网络诈骗业务,但因未获得报酬而逃离。

同样,两名非法入境的中国公民尹杰和黄翔在妙瓦底4区奈辛诺路的八因那昂路口附近被发现。经询问,他们于2023年通过泰国湄索非法入境缅甸。

网络诈骗活动依赖电力、互联网、武器、弹药和建筑,而这些资源均来自外国。诈骗人员并非缅甸公民,而是通过邻国潜入的外国人。因此,打击网络诈骗和赌博需要邻国的共同努力和积极合作。

缅甸政府优先考虑国家和平与稳定以及法治。但一些外国人,借地区不稳定之机,在部分武装团体及相关领域自私者的协助下扩大网络赌博活动。因此,政府高度重视揭露非法行为,并将受害者遣返其本国。

缅甸政府已开展调查,发现大多数非法入境者通过邻国(如泰国)中转,以谋取个人利益。尽管他们属于非法移民,但政府依法对其进行调查,并基于人道主义和国家友谊原则,将他们遣返回国。

自2023年10月5日至2025年1月13日,缅甸共遣返外国人55,711人,其中包括53,388名中国公民、648名泰国公民、20名韩国公民、22名老挝公民、1,149名越南公民、19名菲律宾公民、142名马来西亚公民、21名台北公民等。调查工作仍在持续进行。

缅甸政府成立了专门委员会,依法对非法入境的外国人进行调查,起诉并尽快遣返相关国家,同时积极与相关国家合作,帮助因各种原因滞留的外国人及人口贩运受害者。

自2022年至2025年1月19日,政府通过外交、国际刑警和警务渠道收到来自亚洲(包括东盟成员国)、欧洲、中国和南非等38个国家的4,176名外国公民的寻人请求。截至2025年1月19日,共发现1,292人,并已遣返1,284人。缅中合作下,2024年3月和9月,两次在北掸邦木姐地区打击网络诈骗中心。

缅甸政府强调,网络诈骗和赌博的涉案人员多为在本国犯罪并逃亡的逃犯。他们利用地区不稳定的机会,与武装团体及部分利益相关方勾结从事犯罪活动。因此,政府将坚决与国际组织合作打击这些非法行为,并呼吁地区组织及公民履行国家责任,向有关部门举报相关信息,共同打击网络诈骗和赌博。

News report on eliminating illegal online gambling at the border areas released

Nay Pyi Taw January 20

Recently, illegal criminal activities including online gambling were occurring in Myawady-Shwe Kokko and KK Park areas in Kayin State.

A gambling project was set up in the Shwe Kokko area in 2016 under the pretext of establishing businesses for regional economic development. Later it stopped due to media reports and news about the existence of illegal businesses. Because of the various armed groups active in the areas and the difficulties and limits for rule enforcement teams and administrative bodies to fully control and govern the areas, they were unstable and in the adjoining areas self-seekers, taking the situation as an advantage, were committing crimes including online gambling.

These areas were receiving electricity and internet connection, the basic requirement for online gambling, not from Myanmar, but from the other country, and most of the infra-structures and investments were provided by foreign organizations. Online scammers started their online frauds and gambling in Philippines and Cambodia in about 2015 and entered Myanmar after 2019.

News about the transfer of a Chinese citizen, Mr. Wang Xing (film actor), who went missing at Thai-Myanmar (Maesot- Myawady), border back to Thailand by related organizations through inter connections. According to verifications, a Chinese citizen connected Mr. Wang Xing through WeChat of a Thai based art company, GMM Grammy, and organized him to work as an actor in Thailand. Hence, Mr. Wang Xing arrived in Suvarnabhumi International Airport from Shanghai, China, on 3 January by air. Later, he arrived at a place on the bank of Thaungyin River (on Thai side) near Maekonkan Village, Maesot, Tak Province from Bangkok. He was then taken to Myawady-Shwe Kokko area (Myanmar side) by boat.

He was sent to a building and was trained to be skilled in computer typing. There were about ten Chinese citizens in the building. He was sent to a second building where his head was shaven and ordered to do online scamming. It was an online scamming place and there were about 50 Chinese citizens. Later, he contacted his family. Organizations from the areas he was involved in transferred him to Thailand, which he entered illegally, through No 34 gate, Vansakhiranthaink village, ward 7, Thasaunglot Township, Maesot, Tak Province on 7 January. He was then transferred back to China at the Bangkok center to protect victims of human trafficking (Donmaung Center) on 10 January evening.

Moreover, three persons including a Chinese citizen, Mr. Cheng Xiao Ning, were found near a bridge on Friendship Road in Ward 5. According to them, they illegally entered Myanmar from Thailand through various connections in 2022-2023. They were involved in an online scamming business and later they ran away from the place as they were not paid.

Similarly, two illegal Chinese immigrants, Mr. Yin Jie and Mr. Huang Xiang, were found near Natshinnaung traffic lights, Bayintnaung road, Ward 4, Myawady. According to them, they illegally entered Myanmar through Maesot, Thailand in 2023.

Basically, the online scamming business needs electricity, internet connection, arms and ammunition and buildings, and the scammers got them through other countries. The scammers were not from Myanmar and they were foreigners who sneak-ed into it via some neighbouring countries. The eradication of online scamming and gambling calls for collective and positive involvement of neighbours.

The government of Myanmar is prioritizing the prevalence of State peace and stability and the rule of law. But taking the current situation in some border areas as an opportunity, some foreigners with the involvement of self-seekers from related sectors including EAOs are extending online gambling. So, the government is paying serious attention to exposing the illegal business and transferring the victims to their countries.

Investigations were conducted to expose foreigners who illegally entered Myanmar and it was found that most of them illegally entered Myanmar territory to work for their personal interests by using neighbouring countries including Thailand as transits. However, although they were illegal migrants, the government has conducted investigations in accordance with the law and handed them over to their respective countries out of considerations for humanitarian causes and friendship between countries. When foreigners who were committing online frauds and online gambling by illegally entering the country were uncovered and the illegal migrants who were exposed in border areas such as Laukkai, Muse, Tachilek and Myawady and other border areas were handed over to their relevant countries. From 5 October, 2023 to 13 January, 2025, a total of 55,711 foreigners were handed over to their respective countries including 53,388 foreigners to China, 648 foreigners to Thailand, 20 foreigners to Korea, 22 foreigners to Laos, 1,149 foreigners to Vietnam, 19 foreigners to Philippines, 142 foreigners to Malaysia, 21 foreigners to China(Taipei), two foreigners to Singapore, one foreigner to Poland, one foreigner to Spain, 13 foreigners to Russia, 38 foreigners to Indonesia, three foreigners to Uganda, two foreigners to Egypt, three foreigners to Cambodia, 96 foreigners to India, 13 foreigners to Morocco, 29 foreigners to Ethiopia, 26 foreigners to Nepal, three foreigners to Pakistan, two foreigners to Northern Ireland, one foreigner to Kazakhstan, two foreigners to Kenya, 60 foreigners to Sri Lanka, one foreigner to South Africa, one foreigner to China – Hong Kong, two foreigners to Sierra Leone, one foreigner to Ghana, one foreigner to Burundi and one foreigner to Turkmenistan while further investigations are still underway.

The government has formed committees to take measures effectively to investigate foreigners who were arrested for illegally entering Myanmar in accordance with the law, to take legal action and file charges against them and to expel them to relevant countries as soon as possible while actively cooperating with respective countries to hand over foreigners who are in trouble due to various reasons and foreign victims of human trafficking to relevant countries as soon as possible.

From 2022 to 19 January, 2025, the government received re-quests to help find 4,176 foreign citizens (3,415 males and 761 females) from 38 countries from Asia including members of the ASEAN, Europe, China and South Africa through diplomatic and INTERPOL and police communication channels. Up to 19 January, 2025, a total of 1,292 foreign citizens including 958 males and 334 females were exposed and 1,284 of them were expelled and handed over to relevant countries in accordance with rules and regulations while other eight foreign citizens including five Vietnamese, one Pakistani and two Chinese are still left to be handed over. Investigations are being conducted consistently for the remaining 2,884 foreign citizens and information is shared in real time to relevant embassies and countries when something unusual takes place. Under the Myanmar-China cooperation, online scam centers were cracked down twice in Muse in Shan State (North). The first crackdown was carried out between 28 and 31 March, 2024 while the second one was conducted between 23 and 26 September, 2024.

Those who are involved in online scams and gambling are not ordinary people and they are fugitives who committed crimes in their relevant countries and lead gambling operations. According to press releases of the Information Team of the SAC, it was learnt that “Chinese people do not cheat Myanmar people and the latter do not cheat the former. As a group of fugitives who committed crimes and ran away from their countries are scamming the both countries, they and those who provide protection to them will be exposed and action will be taken against them.”

Therefore, as those who commit online scams and gambling target areas, where law enforcement and administrative authorities face difficulties and limits to fully control due to regional instability, in cooperation with self-interests seekers from armed groups and related areas including some ethnic NCA signatories, the government has been ex-posing and taking action against them resolutely in cooperation with international organizations. Regional organizations and citizens are urged to cooperate in combating online scams and gambling as a national duty by reporting information about online scams to relevant authorities when such information is received.

MOFA Press Release